enmm

TZEC အကြောင်း

TZEC သင်တန်းကျောင်း

ဤကျောင်းသည် ဆရာမဒေါ်သူဇာ (Teacher Thuzar Accounting)မှ ဦးစီးတည်ထောင်ထားခြင်းဖြစ်ပြီး Secondary 2/3/4 (IGCSE) မှ A Level ထိ ဘာသာရပ်အစုံကိုအတွေ့အကြုံရှိ ဆရာ၊ဆရာမများမှ CIE နှင့် Edexcel Exam board (၂) ခုလုံးအတွက်သင်ကြားပို့ချလျက်ရှိပါသည်။

TZEC ကို ၂၀၁၄ မှစတင်ဖွင့်လှစ်ခဲ့ရာ ၂၀၁၄ မှ ၂၀၁၉ ထိ Country Highest Mark (တစ်နိုင်ငံလုံးအမှတ်အများဆုံး)ဆုရ ကျောင်းသားကျောင်းသူပေါင်း (၁၁) ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သောကျောင်းဖြစ်ပါသည်။ နှစ်စဉ် ကျောင်းမှထွက်၍ IGCSE Preparation ကို Home Schooling လုပ်လိုသော ကျောင်းသားများနှင့် ကျောင်းတက်နေရင်း လိုအပ်သည့်subject များကို လာရောက်သင်ယူသူပေါင်း (၂၀၀)ကျော်ခန့်ရှိပါသည်။

Special Class

မိမိတို့တက်ခဲ့သောကျောင်းမှထွက်၍ IGCSE ကို Private Home Schooling ဖြေဆိုလိုသူများကို TZEC မှ အနည်းဆုံး ၆ဘာသာသင်ကြားပေးပြီး Full Time တက်ရသော class ဖြစ်ပါသည်။ ထို special class ၏အားသာချက်များမှာ တစ်နေ့တာသင်ယူချိန် ၃ချိန်ပြီးတိုင်း Guide နှင့်စာလုပ်ချိန်တွင် ဆရာ၊ဆရာမများမှသင်ခဲ့သော တစ်နေ့တာ သင်ခန်းစာ Theory၊ Calculation များနှင့်ပေးအပ်ထားသော Assignment and Home Work များကို အပြီးလုပ်ဆောင်ရပါသည်။ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင်အားကစားလုပ်ခြင်းနှင့် အခြားသောစိတ်ဝင်စားဖွယ် Activities များလုပ်ရန် ပိုမိုအခွင့်အရေး ရရှိလာပါသည်။

 

Regular Class

ဤပုံမှန်တန်းခွဲသည် IGCSE ကို အခြား Private School များတွင် တက်ရောက်ပညာသင်ယူနေရင်း လိုအပ်သောဘာသာရပ်များကိုသာ ရွေးတက်နိုင်သော Regular Class ဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိနှစ်သက်ရာဘာသာရပ်ကိုသာ ရွေးချယ်တက်ရောက်ခြင်း (သို့မဟုတ်) ဘာသာစုံတက်ရောက်ခြင်းဖြင့် မိမိတို့၏ကျောင်းတွင် Result ကောင်းကောင်းများ ရရှိလာနိုင်ပါသည်။

 

TZEC၏သင်ကြားပုံ

ကျမတို့ TZECမှ သင်ကြားရေးစနစ်မှာ စာသင်စာလုပ်ခြင်းတစ်မျိုးတည်းမဟုတ်ဘဲ ဆရာ၊ဆရာမများမှ လက်တွေ့ Practical များလုပ်ပြခြင်း၊ ကျောင်းသားများကိုလည်း Group အလိုက် Practical လုပ်စေခြင်း၊ Group Discussion လုပ်စေခြင်း၊ လိုအပ်သော Practice Question၊ မေးခွန်းဟောင်း၊ Text Books၊ Revision Guide များကို CIE နှင့် Edexcel ၂မျိုးလုံးအတွက် Extra Paper များပေး၍ လေ့ကျင့်ပေးပါသည်။

TZEC၏တိုးတက်မှုစစ်ဆေးပုံ

တစ်လအတွင်းသင်ပြီးသမျှ သင်ခန်းစာများကို Guide များနှင့် စနစ်တကျလေ့ကျင့်ကျက်မှတ်စေပြီး တစ်လကုန်တိုင်း Monthly Test များပြုလုပ်ကာ Grade များ၊အမှတ်များကို Report Card တွင်ထုတ်ပေးပါတယ်။ အကယ်၍ Weak ဖြစ်သောကျောင်းသားများအတွက် ဆရာ၊ဆရာမများမှ အချိန်ပိုယူကာ နောက်တစ်ကြိမ်ပြန်လည်သင်ကြားပြီး Exam ကို Resit လုပ်စေခြင်းဖြင့် စာကိုပိုမိုကျေညက်နားလည်စေပါသည်။

TZEC၏ဆုချီးမြှင့်ပုံနှင့်ဆုသတ်မှတ်ချက်

လစဉ်အနည်းဆုံး ၆ဘာသာ A ရရှိသူများကို ရွေးချယ်ကာ Outstanding Award များကို ချီးမြှင့်လေ့ရှိပါတယ်။ ဘာသာရပ်တစ်ခုခြင်းစီအလိုက် Highest Mark ရသူများကိုရွေးချယ်ဆုချီးမြှင့်ပေးပါတယ်။ ထိုသို့ချီးမြှင့်ခြင်းကြောင့် ကျောင်းသားများ၏ ကြိုးစားလိုစိတ်များ ပိုမိုပြင်းထန်လာကာ လစဉ်ဆုရသူများလည်း တစ်လထက်တစ်လ ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။

အဘယ်ကြောင့် Special Classတွင် Guideအချိန်ကိုထည့်ထားပါသနည်း။

ကျမတို့ TZEC တွင် အခြားသော Center များနှင့်မတူသော အားသာချက်မှာ Guide Class ဖြစ်ပါတယ်။ TZEC တွင်ဘာသာစုံ Special Class တက်သူတိုင်း Guide Class ကိုတက်ရပါတယ်။ ထို Guide အချိန်တွင် တစ်နေ့တာ Homework များကိုအပြီးလုပ်စေခြင်းဖြင့် ကျောင်းသားများအတွက် အိမ်ရောက်လျှင် အားလပ်ချိန်ပိုမိုရရှိစေသလို၊ မိဘများအနေဖြင့်လည်း မိမိသားသမီးများအား စာလုပ်ရန်တိုက်တွန်းနေရခြင်းမျိုးမရှိတော့ဘဲ မိဘရော၊သားသမီးပါ ဝန်ထုပ်ဝန်ပိုးများ လျော့နည်းစေမည်ဖြစ်ပါသည်။

တက်ရောက်နိုင်သည့် Level များ

  • iAL (Age 17-18)
  • IGCSE (Age 15-16)
  • Pre IGCSE (Age 14-15)
  • Secondary 2 (Age 12-13)

ပြင်ဆင်ပေးသော Exam Board များ

  • CIE
  • Edexcel

သင်ကြားပေးသော IGCSE ဘာသာရပ်များ

  • Accounting
  • Business Studies
  • Biology
  • Chemistry
  • English
  • Economics
  • Information and Communication Technology
  • Mathematics
  • Physics
  • Computer Science

ပြင်ဆင်ပေးသော Exam Board များ

TZEC ၏လှုပ်ရှားမှုပုံရိပ်များ